28 July, 2020

နောက်ဆုံးမှာ

ကိုယ်တို့ ချစ်တဲ့ အရာတွေက ပြန်ပေးကြတယ်
ကိုယ်တို့ရဲ့ နာမည်တွေကိုပေါ့။ တစ်ယောက်က ကျောက်တုံးဗြောင်တစ်ခု
လှမ်းပေးတယ်၊ ပိုကောင်းတဲ့ တစ်စုံတစ်ရာဖြစ်လာအောင်
ထွင်းထုဖို့တဲ့။ နောက်တစ်ယောက်က အချိန်အကြာကြီး ပျောက်ဆုံးနေတဲ့
အသုံးပြုနည်းလမ်းညွှန် ပြန်လာပေးတယ်၊ကိုယ့် ဦးနှောက်ဘယ်ဘက်ခြမ်းအတွက် လမ်းညွှန်။
တစ်ယောက်က စာရွက်ပိုင်းတစ်ခု ကမ်းပေးတယ်
တစ်ခြမ်းမှာ အဓိပ္ပာယ်ဖော်မရတဲ့
ကိုယ့်လက်ရေး၊ နောက်တစ်ခြမ်းမှာက
အရောင်တောက်တောက်နဲ့ စကားလုံးတွေ
“အကုန်လုံးကို လိုချင်တယ်” ။ ကျန်တဲ့သူတွေ ယူလာတာက
ပန်းတွေ - အိုင်းရစ်ပန်းတွေ၊ ဒဖိုဒေးလ်တွေ
နှင်းဆီတစ်ပွင့်ရဲ့ နူးညံ့တဲ့၊ အခွံမနွှာရသေးတဲ့ နှလုံးသား။
ဘယ်အဝတ်အစားကမှ မတော်တော့ဘူး။
ဖတ်ခဲ့တဲ့ စာအုပ်တွေ၊ မဖတ်ရသေးတဲ့ စာအုပ်တွေကို
ဘေးဖယ်ထားလိုက်တယ်၊ အဲဒါတွေက အဆုံးမရှိ လှေကားထစ်တွေအဖြစ်
ပျံသန်းသွား၊ ကိုယ့် နှစ်များကို ရစ်ဝဲရင်းနဲ့။ ဒါပေမယ့်
တိတ်ဆိတ်တဲ့ တနင်္ဂနွေတွေ အားလုံးထဲက အတော်များများကို
ကိုယ် ချစ်ခဲ့ပါရဲ့၊ အဲဒီအချိန်တွေဆို မိုးရဲ့ လက်ချောင်းတွေက
ကိုယ့် ပြတင်းပေါက်ရဲ့ ဗလာကျင်းစာမျက်နှာပေါ် သူတို့ကိုယ် သူတို့
ချရေးလို့၊ သူတို့ ဇာတ်လမ်းတွေအကြောင်း ကိုယ့်ကို ပြောပြချင်နေကြတာ
သေတော့မလို ဖြစ်လို့။
(“In the End” by Alvin Pang )
ဘာသာပြန် -  ဏေသစ်

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home