15 March, 2020

နတ်သမီးပေးတဲ့အိပ်မက် ၅၈၅

ငါ့ကိုယ်ငါ အရောင်အဆင်းကင်းမဲ့စွာပြန်မြင်ရ
ငါ့အော်သံတွေကို အသံမပါပဲကြားရ
ငါ့မျက်နှာဟာ အမှောင်ထဲပျောက်ဆုံးလို့
ငါ့အလင်းတွေဟာ ငါ့ကိုယ်တစ်ခြမ်းကိုပဲဖော်ပြနိုင်တယ်
ငါ့ဆံပင်တွေဟာ မကောင်းဆိုးဝါးရဲ့
လက်ချောင်းပေါင်းများစွာထိုးဖွထားသလို ရှုပ်ပွလို့
အချိန်ကာလနဲ့နေရာ ပျောက်ဆုံးနေတဲ့ညမှာ
ငါဟာ ကယ်တင်သူမဲ့တစ်ယောက်ထဲ
ငါဘယ်ခါမှ နေကောင်းမှာမဟုတ်တော့ဘူး
ပြင်းပြမှုတွေဟာ တစ်ကိုယ်လုံးကို
စူးနဲ့ထိုးဖောက်နေကြတယ် အမှောင်တွေဟာ
ဘာကြောင့်များထပ်ခါထပ်ခါ ရောက်လာနေကြတာလဲ
ဒါကိုအိပ်မက်လို့ ဘာကြောင့်မပြောနိုင်လဲ

ပိုင်
z သို့

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home