15 March, 2020

နတ်သမီးပေးတဲ့အိပ်မက် ၅၈၇

ညတွေဟာ အေးစက်နေတယ်၊ နောက်ထပ်
ညတွေဟာ ပိုအေးစက်လာဖို့ပဲရှိတော့တယ်
ဒီကနေ့ညမှာ ငါဟာလည်း အတော်ပဲအေးစက်လို့ပေါ့
အေးစက်မှုဟာ ငါ့တစ်ကိုယ်လုံးကို ဝင်ရောက်မွှေနှောက်ပြီး
ငါ့ရဲ့တုန်ခိုက်မှုကို အသံမြည်အောင်လုပ်နေတယ်
ပြီးတော့ အေးစက်မှုက ဘာကြောင့်မှန်းမသိ
ငါ့ကိုဝမ်းနည်းအောင် လုပ်နေတယ် ပြီးတော့
တလောကလုံး ငါ့အပေါ်ဆိတ်သုဉ်းနေအောင် စေခိုင်းလို့
ပြီးတော့ အေးစက်မှုဟာ အထီးကျန်မှုတွေ
ပြည့်နှက်နေတဲ့ အမှောင်ထုထဲ ငါ့ကိုပစ်ချလိုက်တယ်

ပိုင်

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home