15 March, 2020

နတ်သမီးပေးတဲ့အိပ်မက် ၅၉၁

ငါကြောက်တယ်၊ အိပ်မက်ထဲက ငါမသိတဲ့
လူတွေကြားထဲ ရောက်သွားမှာကို ငါကြောက်တယ်
သူတို့ဟာ ငါရှိနေတာကိုသတိပြုမိပုံမရပဲ မြင်တွေ့ပုံမရပဲ
သူတို့ဖာသာပဲ လှုပ်ရှားသွားလာ နေထိုင်နေကြတယ်
သူတို့နဲ့ ငါ့ကြားမှာလည်း အဆက်အသွယ်မရှိပုံနဲ့
အချိန်အကြာကြီး ငါဟာ အဲဒီလူတွေကြားထဲမှာပေါ့
ငါဟာ အမြဲတမ်းပဲ ငါနဲ့သိသူတစ်ယောက်ကိုရှာဖွေနေခဲ့တယ်
အပြင်ဘက်ကလိုပဲ ဘယ်ခါမှလည်း ရှာနေသူကိုရှာမတွေ့ခဲ့

ပိုင်

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home