နတ်သမီးပေးတဲ့အိပ်မက် ၅၈၉
အိပ်မက်ထဲမှာ တော်တော်ဝေးဝေးကို
ထွက်သွားမယ်ဆိုရင် ပြန်လာဖို့ခက်လိမ့်မယ်၊ ဒါပေမဲ့
တော်တော်ဝေးဝေးထက်ကိုပိုပြီး ဝေးရာကိုသာ
ထွက်သွားမယ်နေဦးမယ်ဆိုရင် ပြန်လာဖို့လည်း
ပိုပိုပြီးခက်လာလိမ့်မယ်၊ ဆုံမှတ်ဆိုတာ မရှိတဲ့အထိ
ဝေးကွာမှုဟာကြီးမားလိမ့်မယ် ဝေးကွာမှုကို
လျော့သွားအောင်ဆိုရင် ပြန်မလာနိုင်တောင် ပြန်လာဖို့
ရောက်တဲ့နေရာမှာ ရပ်နေလိုက်ဖို့ပဲရှိတော့တယ်
ပိုင်
Labels: နတ်သမီးပေးတဲ့အိပ်မက် - ပိုင်, ပိုင္
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home