15 March, 2020

မံမီ

ငါဟာ
အသက်ရှင်ဖို့ကြိုးစားနေသူတစ်ယောက်ပါ။

ငါ့ရဲ့လောဘကို
နားလည်မှုမပေးပါနဲ့။

ရွှေငွေရတနာဥစ္စာပစ္စည်းတွေကို
နောက်ဘဝမှသုံးတော့မယ်။

သနားကြင်နာခြင်းသည်
ဘာအကျိုးမှမရှိ။

ငါသည် မိုက်မဲ၏။
ငါသည် ဘုရင်ဖြစ်၏။

လူ့ဘဝဆိုတာ
ကျောက်တုံးတွေကို နေရာရွေ့ခဲ့ကြတာပါပဲ။

နရနီ

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home