ငါဟာ
အသက်ရှင်ဖို့ကြိုးစားနေသူတစ်ယောက်ပါ။
ငါ့ရဲ့လောဘကို
နားလည်မှုမပေးပါနဲ့။
ရွှေငွေရတနာဥစ္စာပစ္စည်းတွေကို
နောက်ဘဝမှသုံးတော့မယ်။
သနားကြင်နာခြင်းသည်
ဘာအကျိုးမှမရှိ။
ငါသည် မိုက်မဲ၏။
ငါသည် ဘုရင်ဖြစ်၏။
လူ့ဘဝဆိုတာ
ကျောက်တုံးတွေကို နေရာရွေ့ခဲ့ကြတာပါပဲ။
နရနီ
No comments:
Post a Comment