15 March, 2020

နတ်သမီးပေးတဲ့အိပ်မက် ၅၅၇

များပြားလှတဲ့ လူတွေကြားထဲမှာ
ငါတို့ဟာ တစ်ယောက်ကိုတစ်ယောက် တွေ့မြင်နိုင်ကြတယ်
တစ်ယောက်ဆီကို တစ်ယောက်
များပြားလှတဲ့ လူတွေကိုကျော်ဖြတ်ပြီး လာနေခဲ့တယ်
အမြဲတမ်းပါပဲ ငါတို့ဘေးမှာ
ငါတို့နဲ့မသက်ဆိုင်တဲ့ လူတွေဟာ ရှိနေခဲ့ကြတယ်
အမြဲတမ်းပဲ ငါတို့ဟာ
ငါတို့နဲ့မသက်ဆိုင်တဲ့ လူတွေကြားထဲ ရှိနေခဲ့ကြတယ်
ဒါကြောင့် ငါတို့ဟာ ငါတို့လက်တွေ
ဆုပ်ကိုင်နိုင်မဲ့ နေရာကို ရှာခဲ့ကြတယ်
တစ်ခါတလေ အနီးကပ်ဆုံးနေရာကို
ရောက်ခဲ့တောင် ငါတို့လက်တွေ မဆုပ်ကိုင်နိုင်ခဲ့ဘူး
ဒါပေမဲ့ လူတွေဟာ ငါတို့အကြည့်တွေကို
မတားဆီးနိုင်ခဲ့တော့ ငါတို့ဟာ တစ်ယောက်မျက်လုံးထဲ
တစ်ယောက်ထည့်ပြီး သယ်ဆောင်နိုင်ခဲ့ကြတယ်
များပြားလှတဲ့ လူတွေကို ပျောက်ကွယ်သွားအောင်
လည်း ငါတို့ဟာ မတတ်နိုင်ခဲ့တော့
များပြားလှတဲ့ လူတွေကြားထဲမှာပဲ ငါတို့ဟာ
အမြဲတစ်ယောက်ကိုတစ်ယောက် ရှာဖွေနေခဲ့ရတယ်

ပိုင်

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home