ကျည်ကွယ်ရာ
လွတ်လမ်း မရှိ
ခုခံရာ
ကုတုတ်ကျင်းမရှိ
အခါခပ်သိမ်း
အယူတိမ်းလို့
' ကြိုးစားလို့ ဘုရားဖြစ်ချင်ဖြစ်မယ်
မေ့ပစ်ဖို့တော့ မကြိုးစားနဲ့ '
ဘယ်ဘဝရောက်ရောက်
တရားမရ
ဘယ်ကမ္ဘာတိုင်တိုင်
ငါက အမှတ်မရှိ
သွေးပျက်ဖွယ်
လေပင့်ခဲ့ပုံ ။
ကြည်ဇော်အေး
15 march 20
No comments:
Post a Comment