နွေဘွဲ့
မွန်းတည့်နေ အောက်မှာ ရိုးတံနဲ့ ရွက်ခြောက်
အရိပ်ပျောက်လို့
အေးလည်းတစ်ခေါက်
ပူလည်းတစ်ခေါက်
ကိုယ့်လိပ်ပြာနဲ့ကိုယ် အခေါက်ခေါက်
ခါးသက်သော
အရသာအဆက်ဆက်
တပ်မက်သော
ဒီမြေမှာ ရွက်နုဝေဖူး
ဘယ်လိုရူးလဲ
အငွေ့အဖြစ်နဲ့တောင် ဘယ်အရာမှ မတည်နိုင်
လေထဲလောင်ကျွမ်းတော့မည့်သဏ္ဌာန်
ဆိတ်ကျောင်းသမား အိမ်အပြန်
သစ်ခြောက်တို့ ကျွပ်ဆတ်သံသာကြား
ကားတစ်စီးဖြတ်သွားတိုင်း လမ်းပေါ်လွင့်ဝဲ ကျန်ခဲ့တဲ့ ကိုယ်လိုရွက်ကြွေများ
မည်သူမဆို ရေအေးအေးတစ်ခွက်
ရပါစေကြောင်း
မည်သူမဆို
တစ်ယောက်ယောက်အတွက် တစ်နေရာရာတော့ ရှိပါစေကြောင်း
မည်သူမဆို
ကိုယ့်အကြောင်းတရား
နွေဟာ
သက်ဝင်လှပ အသားကျတယ်
ဒီလမ်းကို ဘယ်လိုလူတွေ တစ်လှမ်းချင်းရခဲ့တယ် ။ ။
စိုင်းဝင်းမြင့်
၁၁ ၄ ၂၀၁၇
မင်းဘူး
Labels: စိုင်းဝင်းမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home