15 March, 2020

အဆင်မပြေမှု သံလမ်းများ

မြေလမ်းနီနီ
မေပယ်လ်ပန်းများပွင့်ရာ
အရှေ့ဥပရောပဆန်ဆန် ကျဆုံး

တောရိုင်းလေ
အဝတ်စလိုကျန်ရစ်

ဂျုံခင်းထဲ
ဝင်းမှည့်နေခြည်ဖြာ

" ဒီဝက်ပေါင်ခြောက်ဟာ
ရှင့်အမှန်တရားထက် ဈေးနှုန်းချိုသာတယ် "

မီးခိုးခေါင်းတိုင်သန့်ရှင်းရေး
မီးရထားစက်ခေါင်း ပြုပြင်ရေး
ငါ့ အချစ်ရေး

အိုး!
ချစ်လှစွာသော ချယ်ရီရေ
ငါ့ဖိနပ်ကို ကြိုးချည်ပေးပါလားကွယ် ။

ကြည်ဇော်အေး
10 march 20

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home