မြေပုံ

မီးကိုစတင်တွေ့ရှိတာတော့ဟုတ်ပါပြီ
လပေါ်ကိုခရီးဆက်ခဲ့ကြတယ်

ပိုက်ဆံကိုမတီထွင်ခဲ့ကြရင်ကောင်းမယ်
စစ်ကိုမရွေးချယ်ခဲ့ကြရင်ကောင်းမယ်

ချစ်ခြင်းမေတ္တာဆိုတာ
တီထွင်တွေ့ရှိ ရွေးချယ်ခဲ့တာမဟုတ်ဘူး
လူသားရဲ့အသွေးအသားထဲက
ပြေးလို့မလွတ်တဲ့ အခက်အခဲပဲ

ပန်းသီးကိုခူးစားမိတာက
ကမ္ဘာ့လက်ဖဝါးပြင်ပေါ်မှာ
ရေးခြစ်ပြီးသား မြေပုံမြေညွှန်း။

မိုးကျော်သူ

No comments:

Post a Comment