15 March, 2020

ရေမီးအစုံ လေးလွှာ



အက်လာတာက နံရံ
ကွာကျလာတာက မျက်နှာကျက်

ဘဲလ်တီးပါ
တိုးတိုးပြောပါ

ဝေးကွာခြင်းမြေလွှာအောက်မှ
အော်မြည်နေသော တူးမြောင်းများလို

အဝါရောင်ရေငုပ်သဘောၤဟာ
အခန်းထဲဝင်လာတယ်

ဒီသီချင်းပဲ ထပ်ခါထပ်ခါ
တစ်နာရီခြားတစ်ခါ မှန်မှန်ကြားရတယ်

ရေဆိုးပိုက်လိုင်းထဲက မြည်သံ
လေအေးပေးစက်မြည်သံ

အိပ်ဆေးပုလင်းဟာ
ကြမ်းပြင်ပေါ်ကျကွဲတယ်

နောက်တစ်တိုင်က
မီးမစွဲသေးဘူးလေ ။

ကြည်ဇော်အေး
14 march 20

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home