15 March, 2020

နတ်သမီးပေးတဲ့အိပ်မက် ၅၉၀

အပေါ်ယံဆန်တဲ့သူတွေဟာ သိပ်ကြောက်စရာကောင်းတယ်
အပေါ်ယံသမားတွေဟာ အပေါ်ယံအချင်းချင်းပဲ
ဆက်စပ်သွားကြပြီး အပေါ်ယံနေရာဟာ သူတို့အတွက်ပဲ
ဖြစ်နေတော့တယ် ဒီတော့ ငါတို့နှလုံးသားကို
သူတို့ဟာ ဘယ်တွေ့မြင်နိုင်တော့မလဲ
တိမ်တွေလောက်တောင် မရိုးသားတဲ့သူတို့ကို
ငါတို့ ဘာလို့မော့ကြည့်နေဦးမလဲ ငါတို့နှလုံးသားကို
ဒီအတွက်နဲ့တော့ အထိအခိုက်အနာတရ မရှိစေနဲ့

ပိုင်

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home