နတ်သမီးပေးတဲ့အိပ်မက် ၅၉၄

ညဖက် ဂစ်တာသံတွေ ကြားရစပြုရင်
ဆောင်းရောက်တော့မဲ့ အရိပ်အငွေ့တွေပဲလို့ တွေးမိတယ်
ဂစ်တာသံတွေ ကြားခဲ့ရတာလည်း နှစ်ပေါင်းမနည်းတော့
မဆုံးနိုင်တဲ့ လူငယ်ဘဝအိပ်မက်တွေ ရှိနေဆဲပဲ
ဂစ်တာသံတွေအပေါ်မှာ ရင်ခုန်ခဲ့တယ် ပျော်ရွှင်ခဲ့တယ်
လွမ်းမောခဲ့တယ် တမ်းတခဲ့တယ် ဝမ်းနည်းခဲ့တယ်
ခုထိလည်း နှင်းခြေသံလိုလို မင်းခြေသံလိုလိုကြားရရင်
ဂစ်တာသံတွေမှာ အိပ်မက်မက်နေဆဲပဲ
နတ်သမီးတစ်ယောက် ပေးခဲ့တဲ့ အိပ်မက်လို
ဒါကို မက်မောတွယ်ဖက်မဆုံး ဖြစ်နေဆဲပဲ

ပိုင်

No comments:

Post a Comment