နတ်သမီးပေးတဲ့အိပ်မက် ၅၉၈
ငါတို့ နေမကောင်းဖြစ်ကြတဲ့အခါ
ဒီကမ္ဘာကြီးကို စွန့်လွှတ်ထားခဲ့ရတော့မယ် ဆိုတဲ့
အတွေးမျိုးတွေ ဝင်မိတတ်ပါတယ်
ငါတို့ တစ်ယောက်ကိုတစ်ယောက်
စွန့်လွှတ် ချန်ထားရစ်ရတော့မယ် ဆိုတဲ့
အတွေးမျိုးတွေလည်း ရောက်လာတတ်ပါတယ်
ငါတို့ဟာ တစ်ယောက်အတွက်
တစ်ယောက်ရှိဖို့လိုအပ်တဲ့ ချစ်သူတွေဖြစ်တယ်
ငါတို့ နေမကောင်းဖြစ်ကြတဲ့အခါ
အဲဒီအတွေးမျိုးကို ဘယ်တော့မှ မတွေးဖို့ပဲ
ပိုင်
Labels: နတ်သမီးပေးတဲ့အိပ်မက် - ပိုင်, ပိုင္
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home