ငါတို့ ဒေါသထွက်ကြတဲ့အခါ
မျက်နှာကြီးနီလာတယ်
စကားကိုအကျယ်ကြီး အော်ပြောတယ်
ဆဲဆိုတယ်
နီးရာတစ်ခုခုကို ကိုင်ရိုက်ပေါက်ခွဲပစ်လိုက်တယ်
အနီးမှာရှိတဲ့ခွေးကို ပိတ်ကန်တယ်
စားပွဲကို ဘုန်းခနဲရိုက်တယ်
အားလုံးကို နှင်ထုတ်တယ်။
ငြိမ်သွားတယ်
ပြုံးတယ်
နံရံကို အကြာကြီးစိုက်ကြည့်တယ်
၁၅ စက္ကန့်တစ်ကြိမ်လောက် ခေါင်းကိုညိတ်တယ်
(၃-၄ ကြိမ်ထက်တော့မပို)
အသက်ကို ကြိတ်ပြီးရှူတယ်
တံတွေးကို မျိုချတယ်
ကုလားထိုင်မှာ ဖြေးဖြေးချင်းပြန်ထိုင်တယ်
ငါတို့ ဒေါသထွက်ကြတဲ့အခါ
သူတို့ ဝမ်းမြောက်ပျော်ရွှင်ကြပေတာ။
နေမျိုး
၂၀၁၄-၇-၁၄
ည ၉း၀၅ မိနစ်
(ကဗျာ့အသံ အစီအစဉ် - ၄....မှ)
Labels: ေနမ်ိဳး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home