ဒါကြီးပြီးသွားရင်
ဒါကြီးပြီးသွားရင်
နေရောင်ခြည်အောက်မှာလမ်းလျှောက်မယ်
မြေကပ်ပန်းဝါဝါလေးတွေဆီသွားမယ်
ဒါကြီးပြီးသွားရင်
မင်းတို့မြို့ကရထားတွေ ငါတို့မြို့ကိုဝင်လာမယ်
ငါတို့မြို့ကရထားတွေ မင်းတို့မြို့ကိုဆိုက်မယ်
ဒါကြီးပြီးသွားရင်
အခန်းအောင်းပြီး စာရေးတဲ့စာရေးဆရာတွေ
စာအုပ်တွေတစ်အုပ်ပြီး တစ်အုပ်ထွက်လာမယ်
ပျင်းရိသောအနုပညာရှင်ကတော့
အဲဒီစာအုပ်တွေ တစ်ခုချင်းလှန်ကြည့်နေမှာပဲ
ဒါကြီးပြီးသွားရင်
လက်ဖက်ရည်ဆိုင်က
လက်ဖက်ခြောက်နံ့ဟာ နို့နံ့ရောလို့
လမ်းပေါ်ကို ရောက်လာမယ်
ဒါကြီးပြီးသွားရင်
မြို့လည်ခေါင်က ရုပ်ရှင်ရုံမှာ
ရေခဲခေတ်သို့ဆိုတဲ့ဇာတ်ကားပြန်ကြည့်မယ်
ဒါကြီးပြီးသွားရင်
စာတိုက်ကိုသွားပြီး စာတစ်စောင်ထည့်မယ်
ဒါကြီးပြီးသွာရင်
ရေခဲမုန့်ဆိုင်သွားပြီး တစ်ခုဝယ်စားမယ်
ဒါကြီးပြီးသွားရင်
ဈေးပေါသောmaskကလေးလို့ ဝတ္ထုတစ်ပုဒ်ရေးမယ်
ဒါကြီးပြီးသွားရင်
အိမ်ကိုရောက်အောင်ပြန်မယ်ကွယ်။
နေမျိုး
၂၈ ၄ ၂၀၂၀
Labels: ေနမ်ိဳး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home