28 July, 2020

အေးစက်



ရသမျှ ကျေနပ်ရမှာပါ
ကိုယ်စိုက်သလောက် မစားခဲ့ရ
ကိုယ်မစိုက်ပေမယ့် စားခဲ့ရ မျှပါတယ်။
အပြင်မှာ မိုးတွေရွာနေတုန်းလား
"ချမ်းလိုက်တာ
အဲယားကွန်း ပိတ်ပေးပါလား ဟင်" တဲ့
အိပ်ချင်မူးတူးသံနဲ့
ကိုယ်ပိတ်ပေးခဲ့ပါတယ်။
စွမ်းအင်ချွေတာသူကြီးလို့ ခင်ဗျားတို့ထင်ဖို့
နောက် အားနည်းသူကို ညှာတာတတ်သူကြီးလို့
ခင်ဗျားတို့ထင်ဖို့
နောက် သူမကိုဆက်မချစ်ရမှာ စိုးလို့။ ။

မောင်ပြည့်မင်း

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home