23 February, 2020

ထီးကလေး



ခွက်လေးနှစ်ခွက်
ဘဝလေးနှစ်ခု

ဘယ်လောက်ခါးခါး
မင်းကိုငါသောက်မယ်

ကော်ဖီစေ့ထဲက ကဖိန်းဓာတ်တွေ
ဘဝထဲက လောကဒဏ်တွေ

အချစ်က
မိုးမိလို့ဝင်ထိုင်မိတဲ့ကော်ဖီဆိုင်လို
ကဗျာမဆန်ပါဘူး

ထီးမပါခဲ့ကြတာပဲ
ငါတို့အမှား။

ကြည်ဇော်အေး
6 feb 2020

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home