23 August, 2018

မွန်းလွဲမိုး

တံခါးရွက်​​တွေဖွင့်​ရင်​လည်း
မနက်​ခင်းမရှိတာကြာပြီ

မြင်​ရတဲ့ငှက်
ငါထင်​သလိုမပျံသန်းဘူး
သိမ်​သိမ်​​မွေ့​မွေ့
ခေါင်းတိုင်​ကမီးခိုးလိုစိုလို့

လျက်​ဆားလျက်​လည်းမသက်​သာတဲ့​ရောဂါသည်​လို
ကောင်းကင်​ကအကြီးအကျယ်​​ချောင်းဆိုးပြီ

နေ့ရဲ့ပါးပြင်​​ပေါ်
မျက်​ရည်​​တွေမွန်းလွဲချိန်
နင့်​အ​ကြောင်း​တွေမရွာမိ​အောင်​ ငါမနည်းကြိုးစား​နေရ

ခု​နေခုခါ
ငါ့ပြတင်း​ပေါက်​​တွေဖွင့်​လိုက်​ရင်​လည်း
နင့်​ပြတင်း​ပေါက်​​တွေပိတ်​ထားတာပဲ ။

အောင်​ခိုင်​မြတ်
မြားနတ်​​မောင်​မဂ္ဂဇင်း
၂၀၀၅

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home