ပစ်ကနခ်
ဘုရားသခင်ကို ခေါ်မယ်
သမ္မတကြီးကို ခေါ်မယ်
ပြီးတော့၊
ငါ့မိတ်ဆွေကဗျာဆရာအချို့ကိုလည်း
အတူလိုက်ပါဖို့ ခေါ်ရမယ်။
နွေဦးရာသီပျော်ပွဲစားဟာ
တကယ်က ပျော်စရာကောင်းသင့်ခဲ့တာပဲ
တကယ်ကျ ပျော်စရာမကောင်းခဲ့ဘူး။
ဘုရားသခင်လည်း ပြန်သွားတယ်
သမ္မတကြီးလည်း ပြန်သွားတယ်
မိတ်ဆွေကဗျာဆရာတွေထဲက
အချို့လည်း ပြန်ကုန်ကြတယ်။
ဝိုင်ပုလင်းဟာ မှောက်သွားတယ်
ကိတ်မုန့်ဟာ စားလက်စမျက်နှာနဲ့
ပါကင်အသစ်ထဲကနေ ထွက်လာတယ်။
ကျန်ခဲ့သမျှ ငါ့မိတ်ဆွေတွေနဲ့
ငါနဲ့ပဲ
အက်ဒဝပ်မွန့်ခ်ျ ရဲ့ ပန်းချီကားထဲကလို
တုပပြီး အော်ကြတယ်။
နွေဦးဟာ အတုဖြစ်ခဲ့ပြီး
ငါတို့အော်သံကသာ
အစစ်ဖြစ်ခဲ့ရပြန်တယ်။ ။
ကေဇဝင်း
တကယ်က ပျော်စရာကောင်းသင့်ခဲ့တာပဲ
တကယ်ကျ ပျော်စရာမကောင်းခဲ့ဘူး။
ဘုရားသခင်လည်း ပြန်သွားတယ်
သမ္မတကြီးလည်း ပြန်သွားတယ်
မိတ်ဆွေကဗျာဆရာတွေထဲက
အချို့လည်း ပြန်ကုန်ကြတယ်။
ဝိုင်ပုလင်းဟာ မှောက်သွားတယ်
ကိတ်မုန့်ဟာ စားလက်စမျက်နှာနဲ့
ပါကင်အသစ်ထဲကနေ ထွက်လာတယ်။
ကျန်ခဲ့သမျှ ငါ့မိတ်ဆွေတွေနဲ့
ငါနဲ့ပဲ
အက်ဒဝပ်မွန့်ခ်ျ ရဲ့ ပန်းချီကားထဲကလို
တုပပြီး အော်ကြတယ်။
နွေဦးဟာ အတုဖြစ်ခဲ့ပြီး
ငါတို့အော်သံကသာ
အစစ်ဖြစ်ခဲ့ရပြန်တယ်။ ။
ကေဇဝင်း
Labels: ကေဇ၀င်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home