တောင်သမန်
ဆည်းဆာဟာ
မင့်အင်္ကျီ အ၀ါနုရောင်ကလေးကို
အလှဆုံး ဆလိုက်ထိုးပေးထားတယ်။
တံတားက
ဒီနေရာမှာဆို နည်းနည်းလှုပ်တယ်
မင့်ခါးကလေးကိုကယ်တွေမသိအောင် ကို
ကြယ်ဖက်ထားပေးမယ်။
လေပြည်ထဲ
ဝဲလွင့်နေတဲ့ မင့်ဆံနွယ်တွေလား..
ကိုယ့်ပါးကို ခိုးနမ်းသွားကြပေါ့၊
အင်းရေပြင်လည်း
ဒီအဖြစ်အပျက်မှာ ခိုးခိုးခစ်ခစ်ရယ်တယ်။
မနေနိုင်တဲ့
အင်းရေပြင်စောင့်နတ်သမီးလည်း
တိုးရစ်မကြီးယောင်ဆောင်လို့ ရောက်လာခဲ့။
May I help you? ဆိုပြီး
ရိုက်ပေးသွားတဲ့ ဓာတ်ပုံထဲ
(ကြေးနီရောင်မင်းသားလေးဘေးမှာ)
မင်းကိုယ်တိုင်ကလည်း နတ်သမီးကလေးပါပဲ။ ။
ချစ်ခြင်းများနဲ့
ကေဇ၀င်း
ဒီနေရာမှာဆို နည်းနည်းလှုပ်တယ်
မင့်ခါးကလေးကိုကယ်တွေမသိအောင် ကို
ကြယ်ဖက်ထားပေးမယ်။
လေပြည်ထဲ
ဝဲလွင့်နေတဲ့ မင့်ဆံနွယ်တွေလား..
ကိုယ့်ပါးကို ခိုးနမ်းသွားကြပေါ့၊
အင်းရေပြင်လည်း
ဒီအဖြစ်အပျက်မှာ ခိုးခိုးခစ်ခစ်ရယ်တယ်။
မနေနိုင်တဲ့
အင်းရေပြင်စောင့်နတ်သမီးလည်း
တိုးရစ်မကြီးယောင်ဆောင်လို့ ရောက်လာခဲ့။
May I help you? ဆိုပြီး
ရိုက်ပေးသွားတဲ့ ဓာတ်ပုံထဲ
(ကြေးနီရောင်မင်းသားလေးဘေးမှာ)
မင်းကိုယ်တိုင်ကလည်း နတ်သမီးကလေးပါပဲ။ ။
ချစ်ခြင်းများနဲ့
ကေဇ၀င်း
Labels: ကေဇ၀င်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home