23 August, 2018

ဖုံတက်​​နေတဲ့မိုး​ရေထဲမှာ

မိုးလင်းဆိုင်​​လေးရဲ့အ​မှောင်​ဆုံးစားပွဲမှာထိုင်​ပြီး
ငါ့အ​ကြောင်းနည်းနည်းထဲ ​ရေခဲနည်းနည်းထည့်​​တွေးတယ်
တွေးရတာ​ဆွေးလာလို့
အ​စောကရွာသွားတဲ့မိုးကို ကိုယ်​နဲ့ပတ်​သက်​ခဲ့သလိုသတိရပြီး
စီးကရက်​ကိုမီး​ကောက်​ညှိတယ်
စိတ်​​ကောရုပ်​​ကော​ပျင်းစရာ​ကောင်းလာလို့
ကောင်​တာမှာအိပ်​ငိုက်​​နေတဲ့လူကိုအဆက်​အစပ်​မရှိပဲ
လှမ်း​ငေးမိတယ်
ဝီစကီနှစ်​ပက်​ထပ်​မှာတယ်
ငါ့အ​ကြောင်းငါ တဝက်​ဆက်​​တွေးတယ်
မင်းအတွက်​တစ်ဝက်​ချန်​ပြီး​။

အောင်​ခိုင်​မြတ်
4 8 2018

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home