20 April, 2018

ငါလွင့်မျောပုံဆန်းကြယ်



မဟော်ဂနီရောင် ဝါနွမ်းရွက်ခြောက်ကြွေတွေ
မိစ္ဆာမမျက်ရည်ရှိုပ်သံ လေအသုပ်မှာတဝေါဝေါကြွေဆင်း
ငါ့တစ်ကိုယ်လုံးဖုံးလွမ်း မီးလောင်တိုက်သွင်းတော့မှာလား
မိစ္ဆာမမျက်လုံးက စူးရဲတောက်ပပိုးစုန်းကြူးလက်လက်ထ
ငါ့ခေါင်းကိုတဆစ်ဆစ်ကိုက်ခဲ ငါ့မျက်လုံးကမီးတောက်ပိုးစုန်းကြူးတွေ
မူးရိပ်မူးရီ မိစ္ဆာမက ငါ့ရင်ဘတ်ကချုပ်ရိုးအမာရွတ်တွေကို
ချွန်မြိသူမလက်သည်းတွေနဲ့ထိုးဖေါက်ကုပ်ဖြဲ
ရှင်ခြင်းရဲ့အဆုံးမှာသေခြင်းတရားတွေ
အခုငါဘယ်ရောက်နေတာလဲ
မွေးရပ်ဇာတိမြေ ကနောင်တောင်သချိုင်းကလည်း ထုံးဖွေးဖွေး
ပြုပြင်ထားတဲ့စေတီပုထိုးတွေကလည်း ကြည်ညိုဖွယ်သစ်လွင်တောက်ပ
ငါးရံ့ခြောက်ကို ထန်းဖက်လက်အုံမီးမြိုက် ပဲကြီးလှော်တွေမျက်ခင်းထဲဖြန့်ကြဲ
တစေ့စီကောက်စား အားပါးကောင်းလိုက်တဲ့ မိသန်းမိရန်းနို့အုံကကျလာတဲ့
ပင်ကျရည်ပုဇွန်ဆိတ်ခုန်တဖေါက်ဖေါက်ပင်ကျရည်စစ်စစ်ထန်းရည်
ကနောင်ရောက်ရင်အမြဲလာခေါ်ဆုံတွေ့နေကြ ရှားပါးကာတွန်းဆရာလေး
စပီကာ မင်းကဘာပြုလို့တောင်သချိုင်းမှာလာနေရတာလဲ
ငါတို့အနုပညာတောင်ပံအရိပ်တွေမေ့ဖျောက်မရအောင်ကျန်ခဲ့တယ်
ငါတို့ပျံသန်းနိုင်ခဲ့တယ် မိစ္ဆာမ ငါ့ကိုမကောင်းဆိုး ဝါးရွက်ခြောက်တွေတွေနဲ့
မီးပုံတိုက်ရှို့သတ်လို့မရ ငါပြန်လည်စိုပြေစိမ်းလန်းလာရမယ်။

ကောက်နွယ်ကနောင်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home