စကြာဝဠာဆိပ်ကမ်းမှာ

တိုက်ကြီးတွေမှာ
ပင်လယ်ကူးသင်္ဘောကြီးတွေလို ဆိုက်ကပ်လို့.....။

စကြာဝဠာဆိပ်ကမ်းမှာ
ကြယ်တွေဟာ လူတွေ ဘာတွေဖြစ်လို့
ကုလားထိုင်အဟောင်းကြီးပေါ်တတ်ထိုင်
ကိုယ့်မျက်နှာဟောင်းတာလည်း မသိ
လူဟာ...
ပြောင်းလဲတတ်တာကိုလည်း မသိ
ကမ္ဘာမြေကြီးဟာ ဟောင်းပေမဲ့
မပြောင်းလဲတတ်ဘူးဆိုတာလည်း မသိ
ကျွံဘောကို စောင့်ကြလို့...။

စကြာဝဠာဆိပ်ကမ်းမှာ
ကိုယ့်အလွမ်းကိုယ်သိတဲ့ ကြယ်တစ်ကောင်
လူဖြစ်ခွင့်ကြုံဖူးတယ်...။

စကြာဝဠာဆိပ်ကမ်းမှာ
အသားဖြူဖြူ ၀၀တုတ်တုတ်နဲ့ ကြယ်တစ်ကောင်
ကိုယ့်ကိုယ်ကို သစ္စာဖောက်ရင်း
အရောင်းပြောင်းလဲညရဲ့
အရာရှိဖြစ်ဖူးတယ်....။

စကြာဝဠာဆိပ်ကမ်းမှာ
အာပေါဓာတ်ရှင်သန်လွန်းတဲ့ကောင်တွေ
အတောင်တွေပေါက်ဖူး
လူလုပ်ဖူးတယ်...။

စကြာဝဠာဆိပ်ကမ်းမှာ
သစ်လုံးအိမ်နဲ့နေချင်တဲ့ ညဉ့်လေတစ်ကောင်
ပက်လက်လှန်ပြီး ဇိမ်ခံဖူးတယ်..။

စကြာဝဠာဆိပ်ကမ်းမှာ
ပင်နယ်တီတွေ
မဲနောက်တွေ
ဖောင်းတွေ
ဖြစ်ပြီးရင်ဖြစ်
တစ်ဖြစ်တည်းဖြစ်
တစ်ကောင်တည်း ဂိုးရှေ့ခြေရှုပ်ပြီး
ကိုယ့်ဂိုး ကိုယ် ပြန်သွင်းတဲ့
ကင်မရာတစ်လုံး အရက်မူးနေလေရဲ့။

မောင်ချောနွယ်

No comments:

Post a Comment