မြစ်မ
မြက်ရိုင်းရှည်ကွင်းထဲ
အဆုံးမရှိ
ဆင်းဆင်းလာတက်တဲ့ ကြယ်တွေကစခဲ့တာ
ကျွန်တော့်သီချင်းပါ
မက်ခဲ့သမျှ အိပ်မက်တွေ
ရေသောက်ဆင်းသွားရာက စခဲ့တာ
ကျွန်တော့်သီချင်းပါ
ဒီဘဝ ဒဏ်ရာကြီးကို
ရှေ့တန်းစစ်မျက်နှာအထိ ပို့ခဲ့ရာက စခဲ့တာ
ကျွန်တော့်သီချင်းပါ
မွှေးရနံ့တွေ အပိုင်းပိုင်း အပြတ်ပြတ်နဲ့
ရင်နဲ့အမျှ ခုတ်မောင်းလာခဲ့တာ
ဒီရင်ထိုးကလေးကို ကျွန်တော်ရခဲ့တာ
ကျွန်တော့်သီချင်းဆီကပါ ။
ဟိန်းမြတ်ဇော်
ရုပ်ရှင်တေးကဗျာ ။ မေ ။ ၁၉၉၇
Labels: ဟိန်းမြတ်ဇော်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home