12 August, 2015

ဆူးလေညနေခင်း


မလာလို့မှ မဖြစ်ဘဲ
မပြန်လို့မှ မဖြစ်ဘဲ။
ကိုယ်စီမျက်ဝန်းမှာ မြင်နေရတဲ့ နွမ်းလျစိတ်
နေအ၀င်မှာ ထိုးတဲ့ ခေါင်းလောင်းသံဟာ
ညနေခင်းကို မီးစွဲလောင်လို့
အသက်ကို မွေးယူထားရတဲ့ နာရီနှိုးစက်
နံနက်စောစော ချခဲ့ရတဲ့ သက်ပြင်းဟာ
ပြာလိုကြွေတယ်။
ပို၍ မြင့်မားလာသော အဆောက်အအုံများပေါ်မှာ
ပို၍ မြင့်မားလာသော ဗျာပါရလှေကားထစ်များ
ဆိုလိုတာက
တစ်ယောက်နဲ့တစ်ယောက် မယုံတော့ဘူး
တစ်ယောက်နဲ့တစ်ယောက် မသင်္ကာတော့ဘူး
တစ်နေ့ထက်တစ်နေ့
တောဟာ နက်သည်ထက်နက်လာတယ်
အချစ်ရယ်
ရိုးရိုးသားသား သစ်သီးပဲ စားချင်ပါတယ်
တောင်းတဲ့ဆုအတွက်
စောင့်နေဆဲ မှတ်တိုင်မှာ
ကြွေမယ့်ကြယ်ကို သွေးတောင့်အောင် မမျှော်လိုတော့ဘူး ။

ကြည်ဇော်အေး
မြားနတ်မောင်၊ ၂၀၀၃

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home