ဗာရှယ်ရေ ကြယ်တွေတောင် ထွက်ပကွဲ့
ကော်လိုရာဒို လွင်ပြင်တစ်ခုကို တုန့်နှေးတုန့်နှေးဖြတ်လို့
မှိန်ပြအလင်းမှာ လေဒီယိုက ဂျပ်ဇ်ဂီတ ခပ်ကျယ်ကျယ်မြည်နေ
အသည်းကွဲအရောင်းသမားက စီးကရက်နောက်တလိပ် မီးညှိလိုက်တယ်
လွန်ခဲ့တဲ့ ၂၇ နှစ်က အခြားမြို့တစ်မြို့မှာ
နံရံပေါ်က မင်းအရိပ် ငါ မြင်မိရဲ့
မင်းဟာအတွင်းခံဘောင်းဘီလေးနဲ့ အိပ်ယာပေါ်ထိုင်နေတယ်
ပစ္စတိုကိုင်ထားတဲ့ အရိပ်လက်က မင်းဦးဂေါင်းစီမြောက်တက်လာ
မင်း အရိပ် ကြမ်းပြင်ပေါ်ပုံလဲကျသွားတယ်။
နိုင်းနိုင်
(ကိုကြည်စိုး ဖတ်ဖို့)
Allen Ginsberg - To Lindsay
ပဲရစ်မြို့ ၁၉၅၈
No comments:
Post a Comment