အောင်စည်သံ
စမ်းချောင်းကနေ မြို့ထဲသွားတာ
ရှင်စောပုလမ်း ဖြတ်တယ်
အလုံလမ်း ချိုးတယ်
ဦးဝိစာရနဲ့ တွေ့တယ်
ရွှေတိဂုံဘုရားလမ်း ဆင်းတယ်
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့တယ်
ဆူးလေလမ်း ဖြတ်တယ်
ပန်းဆိုးတန်းလမ်း ဖြတ်တယ်
ဗိုလ်အောင်ကျော်နဲ့ တွေ့တယ်
အနော်ရထာနဲ့ တွေ့တယ်
မဟာဗန္ဓုလနဲ့ တွေ့တယ်
ကိုင်း . . . ရွှေပြည်တော်ကြီး
အောင်စည်တီးပါရော
သုခမိန်လှိုင်
သရဖူ။ သြဂုတ် ။ ၂၀၁၅
Labels: သုခမိန်လှိုင်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home