12 August, 2015

ရထားဟောင်းများ


ငါ မမှီလိုက်တဲ့ ပြန်စာက
ငါ့ကို ပြန်ပေးဆွဲတယ်

နံရံတွေနဲ့ ရင်ခုန်သံတွေမှာ
အာရုံမြင်နားရှိတယ်

အခန်းထောင့်မှာ ပြိုလဲကျနေတဲ့
ကြိုးပြတ်အ၀ါရောင်ဂစ်တာတလက်
ငါ -  ဖြစ်မယ် ထင်တယ်

တနေ့တာရဲ့ အစ
နာရီကို မော့ကြည့်တယ်
ပြီး ဘာမှ စောက်အဓိပ္ပာယ်မရှိဘူးလို့ တွေးတယ်
ပြီး နာရီကို ပြန်မော့ကြည့်တယ်

သီချင်းတပုဒ်တည်းကို အခါခါထပ်နားထောင်တယ်
စကားတစ်ခွန်းကို အခါခါထပ်ကြားချင်နေတယ်
သေလူပဲ

ဒီ အမှောင်မှာ
ဒီ စကားလုံးပဲရှိတာလား
မြွေပွေးရဲ့ အစွယ်ဖြူက
နေ့နဲ့ ညကို ညှို့တယ်

ညစ်နွမ်းစိတ်ကို နည်းနည်းလေးမှ ခွါချလို့ မရဘူးလား
လက်ဖက်ရည်တခွက်သာ ခံနိုင်ရည်ရှိတယ်

အစက်ကလေးချပြီး အိပ်ရာဝင်တယ်
ဘာမှ အသုံးမကျပါဘူး ။

ဒီဝသုန်ခက်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home