ငါ စာအုပ်ကြိုက်ရခြင်း အကြောင်းရင်းများ
အလိမ္မာစာမှာရှိ' တဲ့
ပာုတ်သည်ရှိ မပာုတ်သည်ရှိ တစ်ချက်တစ်ချက် ထ,ဖောကြည့်လို့ရတယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
'စာအုပ်စာပေ လူ့မိတ်ဆွေ' တဲ့
လူပီသကြောင်းပြသဖို့ စာအုပ်ကို မိတ်ဆွေဖွဲ့ရမယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
စာအုပ်ထဲမှာ မုန့်လုပ်နည်းကနေ
ပဌာန်းဒေသနာတော်အထိ စနစ်တကျ ရှိတယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
စာအုပ်ထဲမှာ သန့်ရှင်းတဲ့ အစိုးရ ရှိတယ်
ဘက်မလိုက်တဲ့ တရားသူကြီး ရှိတယ်
ခြမစားတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ရှိတယ်
စိတ်ဓာတ်ကောင်းမွန်တဲ့ နိုင်ငံသူ/သားတွေ ရှိတယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
စာအုပ်ထဲမှာ နှုတ်ခမ်းကို ဖွဖွလေးနမ်းလို့ရတယ်
ဘရာစီယာကြိုးကို ဖြည်းဖြည်းချင်း လျှောချဖြုတ်ပေးလို့ရတယ်
တနင်္ဂနွေနေ့ရောက်တိုင်း အပြစ်ကို ပြန်ဝန်ခံလို့ရတယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
စာအုပ်ထဲမှာ နောက်ဆုံးပေါ်ဇိမ်ခံကားစီးလို့ရတယ်
တပီာတီကျွန်းကို သွားလို့ရတယ်
လိင်တူချင်း စိတ်ရောကိုယ်ပါ ဆက်ဆံလို့ရတယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
စာအုပ်ထဲမှာ လူက အတောင်ပံပေါက်လာတယ်
လူက ပိုးပာပ်ကြီးဖြစ်သွားတယ်
လူက လူဆိုတဲ့နာမ်စားကို ပြန်ချေဖျက်ပြသွားတယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
စာအုပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူလူထုကို ကယ်တင်တယ်
ဒေ၀ဒတ်က ဘုရားရှင်ကို အကြိမ်ကြိမ်လုပ်ကြံသတ်ဖြတ်တယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
စာအုပ်ထဲမှာ မောင်ချောနွယ်က အရက်သောက်တယ်
ခင်မောင်ရင်က ပန်းချီဆွဲတယ်
၁၈နှစ်အရွယ် ကျောင်းသူတစ်ယောက်က တစ်ကိုယ်ရေအာသာဖြေတယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
စာအုပ်ထဲမှာ ဂေရှားမယ်တွေရဲ့ အသော့အထေ့လေးတွေ ရှိတယ်
ဖာသည်မတစ်ချို့ရဲ့ ပြင်းပြင်းထန်ထန် ညည်းတွားသံတွေ ရှိတယ်
ပါရီမြို့က ညလုံးပေါက်ကဖေးဆိုင်လေးတွေ ရှိတယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
စာအုပ်ထဲမှာ သေရာက ပြန်ထမြောက်လာတယ်
မွေးကင်းစကလေးလေးက လောကမှာ ငါအမြတ်ဆုံးလို့ တည်တည်ငြိမ်ငြိမ်နဲ့ ကြေငြာတယ်
တိရစ္ဆာန်တွေက လူတွေကို တော်လှန်ပုန်ကန်တယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
စာအုပ်ထဲမှာ ငါ့ထက်မြင့်မြတ်တဲ့ မပာာလူသားတွေ ရှိသလို
ငါ့ထက် ယုတ်မာတဲ့ အယုတ်တမာကောင်တွေလည်း ရှိတယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
စာမျက်နှာတွေနောက်မှာ
ငါ့ကိုယ်ငါ ကိုယ်ဖျောက်ထားလို့ရတယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
ငါ့ပါးစပ်က ထွက်သမျှစကားတိုင်းပာာ
ငါပြောတာ မပာုတ်တော့ဘူး
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
မိန်းမတစ်ယောက်ကို သိပ်ချစ်တာပဲလို့
စာအုပ်တစ်အုပ်ထဲ ငါ တိတ်တိတ်လေး ချရေးလို့ရတယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
ငါ စောက်မြင်ကပ်တဲ့လူတစ်ယောက်ယောက်ရဲ့ဓာတ်ပုံ
စာအုပ်ထဲပါလာတဲ့အခါ တံထွေးနဲ့ထွေးလို့ရတယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
စာအုပ်ထဲမှာ ငါပာာ ညီတော်အာနန္ဒာပဲ
စာအုပ်ထဲမှာ ငါပာာ ဖော်ဝေးပဲ
စာအုပ်ထဲမှာ ငါပာာ စေတန်ရဲ့ တမန်တော်ပဲ
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
စာအုပ်တွေက ငါ့ကို လည်ပင်းညှစ်သတ်တယ်
စာအုပ်တွေက ငါ့ကို မေတ္တာနဲ့သစ္စာအကြောင်း ပြောပြတယ်
စာအုပ်တွေက ငါ့ကို လိင်မှုတစ်ခု ပြီးမြောက်စေတယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
ငါချစ်တဲ့ မိန်းမတစ်ယောက်ကို စာအုပ်တွေပေးဖတ်လို့ရသလို
ငါမုန်းတဲ့ခွေးတစ်ကောင်ကို စာအုပ်နဲ့ ကောက်ပေါက်လို့ ရတယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
စာအုပ်တွေက မုန်တိုင်းဝင်ရင် ဘယ်လိုလုံခြုံစွာနေထိုင်ရမလဲ ငါ့ကို သင်ပြတယ်
ဒါပေမယ့် ငါက နာဂစ်တိုက်နေတဲ့ အခိုက်အတန့်ထဲ
အမိုးပွင့်သွားတဲ့ အိမ်အပေါ်ထပ်ကိုတက် စာအုပ်တစ်ထပ်ကြီးကိုပဲ သွားဆွဲချလာခဲ့တယ်
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
ငါစာအုပ်ဖတ်ခဲ့ပြီးနောက်မှာ ငါစဉ်းစားတယ်
ဒါ့ကြောင့် ငါရှိတယ်
အဲဒီမှာ ငါထပ်စဉ်းစားတယ်
ဒေးကားပာာလည်း စာအုပ်တစ်အုပ်အုပ်တော့ ဖတ်ခဲ့မှာပဲ
ဒါ့ကြောင့် ငါ စာအုပ်ကြိုက်တယ်။
ဆစ်ခ်
သြဂုတ်၊ ၂၀၁၅ ။
Labels: ဆစ်ခ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home