အသံတူအရောင်များ


ဒီနေ့လည်း
အိပ်မက်ကို သံစူးနဲ့ ဖွင့်ခဲ့တယ်

ထမင်းအိုးက
မိုးမလုံဘူး
မယုံကြည်တဲ့ ပုလင်းကိုဖွင့်တယ်
ပုလင်းခွံထဲက
ကျေးဇူးစကားလက်ဆောင်ရတယ်

မနေ့က မျက်နှာမှာ
ခံစားမှုကင်းတယ်
အပြုံးတွေ ဘယ်နေ့လင်းမလဲ

ဆည်းဆာရဲ့ အမှောင်မှာ
ငှက်ကလးတွေ အပျံသင်တယ်
လေဟုန်ကို တွေ့ဖို့
လေကိုဆန်ရဦးမှာပဲ

မိုးရဲ့  အမှောင်တွေထဲမှာ
တိတ်တဆိတ် လမ်းခွဲခဲ့ကြ
တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ရဲ
သူငယ်ချင်းများ လမ်းဖြောင့်စေသတည်း။

အောင်ဘညို
မြရေသီတာ ။ ၂၀၀၃

No comments:

Post a Comment