13 August, 2015

ကြယ်လွဲမိုး


အဝေးကိုစီးဖို့
မြစ်ရဲ့ ခြေအစုံကို တောင်းပန်
ကောင်းကင်တစ်ခုပြီး တစ်ခုဖတ်ခဲ့။

ဘယ်တော့များ
ကြယ်ကိုစိုအောင် ရွာမှာလဲ

စကြဝဠာ ကျစ်ဆံမြီးထဲ
ပွင့်ချင်တိုင်းပွင့်
လှချင်တိုင်းလှ ကြယ်မလေးရေ
ငါ့ကောင်းကင် လက်တစ်ဆုံးတောင်
မင်းပုန်းနေတုန်းပဲလားကွယ့်
အာသီသတွေသာရှိပြီ
သင်ယူလို့မရတဲ့ မိုးဟာ ငါပဲပေါ့ ..။ ။

တိုးနှောင်မိုး
၂၀၀၁၊ စက်တင်ဘာ၊ဗျူတီ

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home