သားမျိုးဆက် (Y-Generation)
ဒါဟာ
သားငယ်ငယ်တုန်းက
ကမ်းစပ်ကငေးကြည့်နေခဲ့ဖူးတဲ့ လှိုင်းတွေပေါ့
လှိုင်းဟာ သမိုင်းလိုပဲသား
သူပင်လယ်ထဲ ငုပ်လျှိုးကောင်း ငုပ်လျှိုးသွားမယ်
ဘယ်တော့မှ ပျောက်ပျက်မသွားနိုင်တဲ့ လှိုင်းတွေပေါ့
လှိုင်းဟာ သမိုင်းလိုပဲသား
ရှေ့လှိုင်းရဲ့ ပခုံးပေါ်တက်စီးရင်း
ပိုပြီး အားကောင်းလာတဲ့ လှိုင်းတွေပေါ့
လှိုင်းဟာ တော်လှန်ရေးတခုလိုပဲသား
မင်းကို ကမ်းပေါ်လွှဲတင်လိုက်တဲ့ လှိုင်းဟာ
မင်းကို ပင်လယ်ထဲဆွဲခေါ်သွားနိုင်တဲ့ လှိုင်းပေါ့
လှိုင်းဟာ တော်လှန်ရေးတခုလိုပဲသား
သူ့ကို တက်မစီးရဲရင်
သူကမင်းကို ဆွဲနှစ်သွားမယ့် လှိုင်းပေါ့
ခု-ပင်လယ်ထဲကနေ
မင်းရဲ့ငယ်နာမည် အော်အော်ခေါ်နေတဲ့ လှိုင်းတွေ။
ကိုသန်းထွန်း
Labels: ကိုသန်းထွန်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home