မြေးမျိုးဆက် (Z-Generation)

လူကလေးသိရဲ့လား
မင်းဝေစုသစ်သီးကတော့ ပုပ်နေရှာ
သစ်စေ့လေးတစေ့သာ အကောင်းအတိုင်း ကျန်ရစ်ခဲ့တာ။

လူကလေးသိရဲ့လား
သစ်စေ့ကလေးတစေ့ထဲမှာ
သစ်ပင်ကြီးတပင် ရှိနေခဲ့တာ။

လူကလေးသိရဲ့လား
သစ်စေ့ကလေးတစေ့ထဲမှာ
ကျယ်ပြန့်တဲ့အရိပ်တခု ရှိနေခဲ့တာ။

လူကလေးသိရဲ့လား
သစ်စေ့ကလေးတစေ့ထဲမှာ
သစ်စေ့ကလေးတွေ အများကြီးရှိနေခဲ့တာ။

ကိုသန်းထွန်း

No comments:

Post a Comment