အရက်သမားဖေဖေ
ကမ္ဘာကြီးက ပညာတတ်အရူးတွေနဲ့ ပြည့်နှက်နေပြီး
လောကကြီးဆိုတာ အသံတိတ်ရွာနေတဲ့မိုးပါကွာတဲ့။
ငါဟာ လူတော်လည်းမဟုတ်ဘူး။
ငါဟာ သူခိုးကြမ်းပိုးလည်းမဟုတ်ဘူး။
မြို့ကြီးကိုနောက်ခံထားပြီး
တစ်ခွက်ပြီးတစ်ခွက်မော့သောက်ခဲ့တယ်။
စားပွဲခုံအိုအိုတွေပေါ်မှာ
ရေနဲ့ ကြယ်ပုံတွေ တစ်ပုံပြီးတစ်ပုံရေးဆွဲခဲ့တယ်။
ဗန်ဂိုးပန်းချီကားလိုပဲ
ငါ့ကို ဘယ်သူမှ နားမလည်ပါဘူးကွာ။
လူတွေရဲ့အကြောင်းကိုမလှောင်ပါနဲ့ အကောင်းမြင်ပါ
မင်းဘာလုပ်သင့်သလဲဆိုတာသိလိမ့်မယ်တဲ့။
ပန်းတွေကို နမ်းခဲ့သလို
ကျွန်တော်တို့ပါးပြင်တွေကိုလည်းနမ်းခဲ့ပါတယ်။
ဟိုးတုန်းကပေါ့
ကျွန်တော်တို့မှာ တောအုပ်ကြီးတစ်ခုရှိခဲ့တယ်။
နရနီ
Labels: နရနီ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home