08 March, 2020

မူးစုပဲစုကဗျာ

ရှိတာလေးနဲ့ ချစ်ရှာတယ်
မရှိတာကို အပြစ်မပြော
စုစုပီး ဝမ်းနည်း
မင်းမျက်ရည်မှာ ငါ့ကဗျာရွှေဖြစ်
အနုပညာလို့ ပြောရင်
မင်း ရယ်မယ်
ပျော်စရာဟာ ဈေးကြီးတယ်လို့ ငါရေးဖူးတယ်
အခု ငါတို့ကြားက နားလည်မှု အရုပ်ကလေး
သမီးလေး ယူဆော့နေတဲ့အခါ
ပြုံးပီးငေးနေရတဲ့ ကမ္ဘာ
စုစုဆောင်းဆောင်း ငါတို့ရခဲ့တာ ။ ။

မိုးရင့်ကြယ်
၂၀ . ဖေဖော်ဝါရီ . ၂၀၂၀

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home