နံနက်ခင်းလေ့ကျင့်ခန်း

မင်းခြေဖဝါးအစ ခေါင်းအဆုံး
မင်းဆံနွယ်တမျှင်မှသည် နှလုံးသည်းပွတ်အထိ
စီးဆင်းလည်ပတ်သော သွေးများအလယ်
ခေါင်း ခါး ခြေ လက် တခုခုက စရတယ်

အချစ်ဟာ မြူနှင်းမကျလည်း အေးမြ
နွေကန္တာလို့ပြောလည်း
မေတ္တာတရားမှာ အရိပ်စစ်စစ်
မိုးထဲ
စိုစွတ်သောအနမ်းနဲ့ နွေးနေ

နေမင်းဆီမျက်နှာမူထားသော နေကြာလို
ငါလည်း မင်းဆီ အမြစ်တွယ်ရတယ်
သည်မနက်
ကျန်းမာရေးဂရုစိုက်ဖို့ မင်းပြောလာတော့ ။ ။

မိုးရင့်ကြယ်
၂၀ . ၂ . ၂၀၂၀

No comments:

Post a Comment