ခုနှစ်ရက် သုံးလ
သည်နေ့ကို ငါရပြန်ပီ
လူမစုံတော့တဲ့ ရက်စွဲကြီး ငါ့ကို ရှိုက်ဖွာလို့
မီးတရဲရဲ
ခပ်ဖွဖွနင်းနေရတဲ့ ခေတ်ကြီးထဲ
အကျအဆုံးများလိုက်တာကွာလို့
သတိရစိတ်မှာ အလံတဝက်လွှင့်လို့
အဖေ နဲ့ ချစ်သူငယ်ချင်းအချို့
အခုထိ ပြန်ရောက်မလာကြတော့တဲ့အခါ
သည်မနက်ကတော့
ငါကန်တော့စရာ လူတစ်ယောက် မရှိတော့သလို
သည်ညမှာ
ငါငှဲ့ပေးစရာ ဖန်ခွက်တချို့ ပျောက်ရှခဲ့ရ
အငိုလွယ်သူ နေ့စွဲတစ်ခုလား
အမှောင်ထဲ
ငါမပျော်တော့ဘူးလို့
ရယ်ရယ်မောမော ဘယ်သူ့ပြောရမလဲ
အခုလိုမျိုး ခုနှစ်ရက် သုံးလ မှာ
မွေးနေ့လို့ ပြောလည်း ။ ။
မိုးရင့်ကြယ်
မတ် . ၇ .
Labels: မိုးရင့်ကြယ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home