ရွှံခဲနှင့် ရေပွက်
အချစ်ဟာ သူ့ကိုယ်သူ ကျေနပ်ဖို့ မလုပ်၊
သူ့ကိုယ်သူ ဂရုလည်းမစိုက်ပါ။
ဒါပေမယ့် အခြားသူအတွက်တော့ သူ့သက်သာမှုကို ပေးရှာတယ်၊
ပြီးတော့ နတ်ပြည်ရဲ့မျှော်လင့်ချက် ပျက်သုဉ်းမှုမှာ ငရဲကို ဆောက်လေရဲ့။
နွားကလေးခြေနဲ့အတူ ခြေချတဲ့
ရွှံ့ခဲလေးဟာလည်း ဒီလိုဲပဲ တေးဆိုတယ်
ဒါပေမယ့် အသံကုန်ဟစ်လိုက်တဲ့ ချောင်းကလေးရဲ့
ရေပွက်ကတော့ မီတာတွေနဲ့ ကြုံဆုံရလေတယ်။
အချစ်က အတ္တကိုပဲ ကျေနပ်စေဖို့၊
သူ့ကြည်နူးမှုနဲ့ အခြားသူကို ချည်နှောင်ဖို့ လုပ်ရဲ့၊
အခြားသူရဲ့ ဆုံးရှုံးမှုမှာ အချစ် ပျော်တယ်၊
ပြီးတော့ နတ်ပြည်ရဲ့ စိတ်ပျက်မှုမှာ ငရဲကို ဆောက်လေရဲ့။
CLOD AND CLAY BY William Blake
ဘာသာပြန်- ညီမွန်
Labels: William Blake, ညီမြန္
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home