ပန်းချီ (၁၁)
စာမေးပွဲခန်းထဲမှာ ပူဖောင်းတွေ
ကို မှုတ်လွှတ်နေရလို့ ပျော်ရွှင်
စာမေးပွဲကို သစ်ရွက်များပေါ်
မှာ ရေးဖြေရလို့ ပျော်ရွှင်
သစ်တောထဲက Orchestra တီးဝိုင်းက လှိုင်းခတ်စိမ်းစို
မိုးတွေရွာလာတော့ ဆုပ်ကိုင်ထားတဲ့သစ်စေ့လေး
ရွက်သွေးနုလေးတွေ တိုးခွေ့မွေးဖွားလာတာ ဖြည်းဖျော့ခံစားသိလာ
ဆံနွယ်မုန်တိုင်းတွေဟာ မျက်ဝန်းရွာလေးကို ဖျက်ဆီးသွားတယ်
မျက်တောင်တဲအိမ်တွေ တဟူးဟူးပျက်စီးရ
လက်ကိုင်ပုဝါတွေ မျိုးသုဉ်းတဲ့ အထိ ဖန်ဗူးကွဲရ
ပါးမို့ဒေ၀ီနဲ့ နှင်းဆီစားမိစ္ဆာတို့ လက်လက်ထအောင် တိုက်ခိုက်ကြတယ်
ခြေထောက်တွေက တစစနဲ့ ရေ ဖြစ်လာလို့ ငါမကူနိုင်ပါ
ဝိုင်ရောင်ခြည်နဲ့ ပက်ခံထားရလို့ မျက်နှာကို အုပ်ထားရ
ငါ့ C.V Form နဲ့ သူ အဲ့ဒါတွေကို သုတ်ပစ်လိုက်တာ ငါတပ်အပ်မြင်
ငါငါ့ကိုယ်ငါအသားကုန်လိမ်ပစ်တယ် ပြီးတော့
လွှတ်ပေးလိုက်တယ် ငါထာဝရမွှတ်မွှတ်လည်သွားတယ်
ဘုရားသခင်ကို မင်း ရိုးသွားတာ သိပါတယ် ဒါပေမယ့်
ဘုရားသခင်က ခေါင်းလျှော်ပေးရင်းနဲ့ ဆံပင်ဆောင့်ဆွဲတဲ့အကြောင်း
အရိုးခြောက်ဖြစ်တာနဲ့ ခြံစည်းရိုးတန်းဖြစ်သွားအောင်
သူ့ကို နံရံကပ် သေခိုင်းကြ
ပူဖောင်းသူခိုးဟာ အပ်တွေကို ငိုချခဲ့
သူ့မျက်ရည်တွေကြောင့် သူ့ပါးတွေ ပေါက်ပြဲရ
အဲ့ဒီတော့လည်း သူငိုထားတဲ့ အပ်တွေနဲ့ပဲ ပြန်ချုပ်ပေးခဲ့ရပါရော ။
သူဝေး
Labels: ပန်းချီ ။ သူဝေး, သူဝေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home