26 May, 2016

ကျမ ကဗျာသို့

အကောင်းဆုံး ဖြစ်နိုင်ခြေ --
ရှင်ဟာ ကျမကဗျာဖြစ်လာမယ်၊ စိတ်ဝင်တစားဖတ်ကြ
ဆွေးနွေးကြ၊ မှတ်မိနေကြမယ်။

အဆိုးဆုံးက
ရှင့်ကို ဖတ်တယ်ဆိုရုံလေး ဖတ်ကြမှာ။

တတိယ အနေနဲ့--
ရှင့်ကိုချရေးဖြစ်ခဲ့တာတောင်
ခဏအကြာ အမှိုက်ပုံးထဲကို လွှင့်ပစ်လိုက်မှာ။

စတုတ္တနဲ့ နောက်ဆုံးအလားအလာ --
ရှင့်ကို ချမရေးဖြစ်သေးခင် ရှင်ဟာ
သီချင်းတိုးတိုးလေး ညည်းရင်း တိတ်တဆိတ်ထွက်သွားတာ။

ကိုကိုသက်
Wislawa Szymborska ~ To My Own Poem

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home