ရွာဦးကျောင်းမှာ
ရေတွင်းတူးတုန်းက
မင်း မပါဘူး...
ငါတို့လယ်တွေ ပျိုးကြဲတုန်းက
မင်း မပါဘူး...
လွင်တီးခေါင်တွေ
သစ်ပင်စိုက်တုန်းက
မင်းမပါဘူး...
ခုတော့ မင်းက
ဗိုလ်ချုပ်နဲ့ လည်ပင်းဖက်ကြီးသလို
သခင်ဗဟိန်းနဲ့ ဂွေပဲအတူလှိမ့်ခဲ့သလို
သခင်သန်းထွန်းနဲ့ မီးဝင်မီးထွက်လိုလို
ဟိုချီမင်းက မင်းဘကြီးလိုလို
မင်းကဗျာတွေဖတ်ရတာ
အသက်ရူကျပ်ပြီး မနေတတ်ဘူး
သြော်...
သြော်...
သြော်...
မင်းကဗျာတွေက ဘာလိုလို...။
အောင်ဘညို
ရနံ့သစ် ဇူလိုင် ၂၀၁၃
No comments:
Post a Comment