သေနတ်သမား
တည်ငြိမ်မှုကိုမရနိုင်တယ်..
ခြေရာတွေကိုလှည့်ကြည့်မိတော့
ဟိုမှာ..ချောက်ကမ်းပါးများ
ဒီမှာ..နံရံများ
လမ်းဟာကျွန်တော့်ကိုစုပ်ယူတယ် ၊
လေပွေထဲကစက္ကူစတစ်စများလား...
တက်ကြွမှုတွေကလည်းဖြူဖပ်ဖြူရော်
က,ခုန်ခဲ့ရတာလည်းသုညတေးသွားနဲ့ 
အတိတ်ဟာကျွန်တော့်ရှေ့မှာရပ်နေပြန်...၊
ကိုယ့်နားထင်ကိုယ်ချိန်ရွယ်ရမလား..
တခြားသူတစ်ယောက်ယောက်ရဲ့ ရင်အုံကို
ချိန်ရွယ်ရမလား
ကျွန်တော့်လက်ထဲကသေနတ်ဟာ..."အနုပညာ"....။
ညိုမင်းထက် မြားနတ်မောင် နိုဝင်ဘာ ၂၀၀၀
Labels: ညိုမင်းထက်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home