01 April, 2016

ခေတ္တနေ့လည်ခင်းမှ ....

အဖြစ် အပျက်က
တစ်မိနစ်တိုင်း ငြိမ်သက်နေတဲ့
အနက်ရောင်လက်ပတ်လေးတစ်ခုပါပဲဆိုတော့ ...

ငါ့ကိုယ်ငါ သွေဖည်တယ်
ဒေသခံတွေလို ရွေ့လာတယ်
သွေးထွက်အောင်မှန်တဲ့စကားတွေ ပွင့်လာတယ်
စားပွဲအောက်က စားကျက်အတုကို ပပျောက်စေချင်တယ်

အဓိပ္ပာယ်က
တရားကိုတောမှောက်မခံချင်တဲ့ နံရံတစ်ဖက်
ဒေသစံတော်ချိန်နဲ့ တပြေးညီလွှင့်နေတဲ့ခရီးမှာ ကိုယ်ထူကိုယ်ထ
လမ်းကိုမျက်မှောက်ရေးရာအသံနဲ့ ဖွင့်ထားပါတယ်....။

ထက်တည်မြင့်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home