အရေးတကြီး
ကျန်းမာရေးကလည်း အရေးကြီးတယ်
ပိုက်ဆံရှိဖို့ကလည်း အရေးကြီးတယ်
အလုပ်မြဲဖို့ကလည်း အရေးကြီးတယ်
အရာရာ အရေးတကြီး
အရေးကြီးပြီဆို မိုးကမတိတ်တော့ဘူး
အရေးကြီးပြီဆို လက်ထဲ တစ်ပြားမှမရှိတော့ဘူး
လူကောင်းတွေနဲ့ အပေါင်းအသင်းမပျက်ဖို့လည်း
အရေးကြီးတယ်
လူဆိုးတွေနဲ့ အပေါင်းအသင်းမဖြစ်ဖို့လည်း
အရေးကြီးတယ်
ဖြစ်လာတဲ့ဘ၀ပေါ်မှာ အရာရာအရေးတကြီး
“ဒီကားဟာ နောက်ဆုံးကားပဲ မြန်မြန်တက်ပါ ငါ့အစ်ကိုရေ”
စပယ်ယာလေးက အရေးတကြီး
ကလေးတစ်ယောက်ဟာ အရေးတကြီးအော်ငိုလို့
အကြမ်းဖက်သမားဟာ အရေးတကြီးထုတ်လွှင့်လို့
ကိုယ်တို့ကမ္ဘာမြေ။ ။
အောင်ခိုင်မြတ်
နွယ်နီ မဂ္ဂဇင်း(အတွဲ ၁၇၊ အမှတ် ၁၂၊ ၂၀၀၇၊ ဒီဇင်ဘာလ)
Labels: အောင်ခိုင်မြတ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home