ကစားဝိုင်းမှာ ထိုးချလိုက်တဲ့ လောင်းကြေးဟာ
ဘ၀ရယ်ပါ...။
လောင်းကစားဝိုင်းဆိုတာ
စိတ်ကူးမှန်မှန်နဲ့ ဥာဏ်ကစားဖို့ပါပဲ
ကံတရားကတော့ သူ့ဘာသာသူ
စီးဆင်းနေပေလိမ့်
ကံနဲ့ဥာဏ် ထပ်မိရင် ငါတို့ဘ၀တွေ
လတ်ဆတ်ပေလိမ့်
ငါတို့တတွေကံကို ကြွေအန်ကစားခဲ့ကြတယ်။
ငါတို့တစ်တွေ စိုက်မိတဲ့ စိတ်စိုက်ကွက်တွေဟာ
စံကွက်အမှန်တွေပါ။
ပေါ့ပေါ့သွမ်းသွမ်းအမှုတွေလည်း
မပြုခဲ့ကြပါဘူး။
ငါတို့တွေက စိတ်မသန့်လို့ မထိုးခဲ့တာတွေဟာ
ငါတို့ရဲ့ အနိုင်ကြွေးတွေပါ။
ဇာတ်...
အဲဒီက စခဲ့ကြတာပေါ့
အဲဒီနေ့က မိုးကျော်သူဟာ
ဟိုတယ်ကယ်လီဖိုးနီးယားကို ထွက်သွားနိုင်တာ
တစ်ခုပါပဲ
ခုတော့ ငါတို့ အံဆွဲထဲမှာ
ဘာမှမရှိတော့ဘူး။
မောင်ချောနွယ်
No comments:
Post a Comment