01 April, 2016

လူ

စမ်းကြည့်တယ်
နမ်းကြည့်တယ်
သူဟာ မျောက်တစ်ကောင်ပဲ။

သစ်ရွက်ကြားတိုး ပုန်းလှိုးတယ်
သစ်ခက်ကိုချိုး တွန်းထိုးတယ်
အဲဒီအချိန်အထိ
သူဟာ မျောက်တစ်ကောင်ပဲ။

သစ်ပင်ပေါ်က ဆင်းကြည့်တယ်
မြေကြီးပေါ် နင်းကြည့်တယ်
သူ လူလုပ်တော့မယ် တဲ့

လူလုပ်ဖို့
ဆုပ်ကိုင်ထားခဲ့သမျှ သစ်ကိုင်းသစ်ခက်တွေကို
အရင်ဆုံ သူ စွန့်လွတ်ခဲ့တယ်။

ကိုသန်းထွန်း

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home