ပန်းဝင်စား
ပန်းကလေးရေ ပျော်ရဲ့လားဆိုတော့
မပျော်ပါဘူးရှင်တဲ့
ဘယ်ကလာတာလဲဆိုတော့
တိုက်ပွဲထဲကလာတာပါတဲ့
ဘယ်သူတွေလဲဆိုတော့
ကျဆုံးသူတွေဝင်စားတဲ့ နွေဦးသင်္ကေတများပါတဲ့
ဘာလို့ပွင့်နေတာကြတာလဲဆိုတော့
အလွမ်းအဆိပ်တွေ ခါထုတ်ဖို့
ပန်းသပိတ်ဆင်နွှဲနေကြတာပါတဲ့။
ကိုရွေး
၃ ဧပြီ ၂၁
Labels: ကိုေရြး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home