မြင်း
တိုက်ပွဲဝင်မယ့် မြင်းဆိုတာ
ယဉ်ကျေးသိမ်မွေ့နေစရာမလိုဘူး
မြင်းကောင်းမှန် ဗွေဆိုးပါစမြဲ။
မြင်းနဲ့ ပွဲဝင်မယ့်လူဟာ
မြင်းလို တွေးခေါ်တတ်ဖို့လိုတယ်
သူက ဝန်တင်ခံလားတကောင်မဟုတ်ဘူး
သူက စစ်မြင်း
သူက ဇောင်းထဲမှာပဲယဉ်ကျေးတာ
သူက မြင်းရိုင်း။
တခါတခါ
သူရဲကောင်းက မြင်းကောင်းကို ရွေးရတဲ့အခါတွေရှိတယ်
တခါတခါ
မြင်းက သူရဲကောင်းကို ရွေးရတဲ့အခါတွေရှိတယ်။
မြင်းဟာ
ခွာချရဲပြီလား
မြင်းဟာ
ချေလှမ်းသိပ်ကျဲနေပြီလား
မြင်းဟာ
လေးဘက်ကောင်းကောင်းကွဲပြီလား
မြင်းဟာ
တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်ပြီလား။
မင်း သူ့ကိုတက်စီးရဲပြီလား။
ကိုသန်းထွန်း
Labels: ကိုသန်းထွန်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home